အိုင်ဆေး ဖောလက်စ နဲ့ ထပ်ပြီး ပွားချင်သေးတယ်။ ဟို ကွန်မင့် တခု ကိုလည်း သိပ်ကြိုက် တယ်။ ဆရာဝန်တွေ ဆရာက ဆရာက နဲ့ ပြောတဲ့ ကိစ္စ၊ ဟုတ်ပါရဲ့မြင်ပြင်းကပ် စရာ။ မသကာ ဝန်ကလေ ဝန်ကလေ လို့ပြောကြပါလား။ ဒေါက်ဒေါက်တွေကို ကြည့်မရတဲ့ အထဲမှာ အဲဒါ လည်းပါတယ်။
ကျောင်းဆရာတွေလည်း သတိထား သင်းတို့လည်း တပည့်တို့ရေ ဆရာက ဆရာက နဲ့ အမှန် ဆို ကျောင်းဆရာဘဲ ကျောင်းကလေ ကျောင်းကလေ လို့ ပြောကြပေါ့။
ဟုတ်ပါတယ် မြန်မာစကားမှာ သမားတော်၊ ဆေးဆရာဝန်၊ ဆရာဝန်၊ ဆရာ စသည် အား ဖြင့် အစဉ်အလာ ရိုရိုသေသေ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ကြတာ ရှိခဲ့ဘူးပါတယ် မယုံရင် ဟိုးရှေးခေတ်က ရွှေသွေး ဂျာနယ် အဟောင်းကြီးတွေ ပြန်ဖတ်ကြည့်ပါလား၊ သမားတော်ကြီး ဆိုတာနဲ့ ပေးတဲ့နာမည် ကိုက ဦးသီလ၊ ဦးပညာ၊ ဦးဝဏ္ဏ စသည်အားဖြင့် ဆွဲလိုက်ရင်လည်း ရင်ဖုံး တိုက်ပုံ နဲ့ နှုတ်ခမ်းမွှေးကားကားကြီး နဲ့ ဇာတ်လိုက်ကိုး ဒါပေမယ့် ဒါတွေကကြာပါပြီ။ သည်ခေတ်မှာ သင်းတို့ဇာတ်လိုက် မဟုတ်တော့ ဘူး အခု သင်းတို့က ဗီလိန်၊ အော့ကြောလန်၊ လူသတ်ကောင်၊ ဓါးပြ။ ဆရာဝန်တွေ အသက်ကယ်တယ် ကျေးဇူးရှိတယ် ဆိုတာ တွေက ဒိတ်အောက်နေပြီ။ အခု ခေတ် ကသင်းတို့ကို ဖဲ့ရမယ့်ခေတ်။ ကြိုက်တယ် ကျုပ်တော့ သိပ်ကြိုက်တယ်။ သင်းတို့မှာ ဘာကျေးဇူးမှ မရှိဘူး သင်းတို့ ကုလိုက်လို့ ဝေဒနာ သက်သာသွား ရင် ဘာမှကျေးဇူးတင်စရာ မလိုဘူး ဒါသူ့အလုပ်သူလုပ်တာ။ ကိုယ့်ကိုဆေးကု ပေးတဲ့ သူနဲ့ စလုံးမှာ အိုတွေကို ကြိမ်ရိုက်တဲ့ ဝန်ထမ်း နှစ်ယောက်လုံးကို တသဘောထည်းထားရမယ် ဟုတ်တယ် လေ နှစ်ယောက်လုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။ ဒီသဘောပဲလေ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမကလေးနဲ့ IQ တို့ JJ တို့က ဘာညာလေးတွေနဲ့ ကို တပုံစံထည်းဆက်ဆံ ရမယ်၊ ဟုတ်တယ် လေ နှစ်ယောက်လုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။ ဓမ္မကထိက ဆြာတော်ဘုရားကြီးနဲ့ မေဓါဝီလမ်းဆုံက အရက် ပုန်းရောင်းတဲ့ ဒေါ်ဒေါင်းကို တသဘောထည်း ထားရမယ်။ ဟုတ်တယ် လေ နှစ်ဦးလုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။
ဆေးကုလို့ ငွေကုန်ရင်ငြီးငြူ ရမယ်။ ဆေးကုရင်းကုန်ကျတဲ့ စားရိတ် အားလုံးကို ဆိုင်ရာ ဒေါက်ဒေါက် နဲ့ပြလို့ ကုန်ကျငွေလို့ ခေါင်းစဉ်တပ်ရမယ်။ ဟင်း ဟင်း …. ကတိမ်းကပါး ဖြစ် သွားလို့ကတော့ ဟင်းဟင်း ဟင်း ဟင်း…
ကိုယ်တွေ့တခု ပြောရဦးမယ် နယ်ကလူနာတယောက် ရန်ကုန်မှာဆေးလာကုတာ ကျုပ်တို့နဲ့ ၃ အိမ်ကျော်မှာတည်းတယ် ဒေါက်တာဇီးကွက်နဲ့လာပြတာ ၂ ရက်ပဲရှိသေးတယ် ၂ ပုံးကျော် မြောက်သွားပြီတဲ့ မေးကြည့်တော ကြီးတော်က ရွာကထွက်လာတည်းက ကျတဲ့ စားရိတ်တွေ ကိုပေါင်းထားတာကိုး ဟုတ်တယ်လေ ပေါင်းရမှာပေါ့ မော်တော်ခက … + … +…+ ဦးဇီးကွက် စမ်းသပ်ခ က ၅၀၀၀ + … + တိုင်စီခက … + ပေါင်းလိုက်တော့ အင်း ဒေါက်တာဇီးကွက် နဲ့ ကုတာ ၂ ပုံး။ ကြီးတော် ဦးဇီးကွက်တိုက်ရိုက်ယူတာက ၅၀၀၀ တည်းပါလား ဆိုတော့…… သိပါဘူးမောင်သာဂိရယ် ငါ သိတာတော့ အဲဒီဆရာကြီးနဲပြလိုက်တာ ၂ ပုံး ကုန်တာဘဲ။ ပြီးတော့ ထုံးစံအတိုင်းပေါ့ မေးတာလည်း မဖြေဘူး၊ အချိန်လည်း မပေးဘူး၊ သက်လည်း မသက် သာဘူး ဘာဘူး ညာဘူးပေါ့ ဗျာ။ စစ်ထား ဆေးထား တဲ့ အဖြေ ရီဇတ်တွေ ကိုလည်း ရှင်းမပြ ဘူး၊ ပုရွက်ဆိတ်ကို မှင်သုတ်ပြီးလွှတ်လိုက်တဲ့ လက်ရေးကလည်း တလုံးမှ ဖတ်လို့ မရဘူး … ဘူး … ဘူး…. အဲလိုနဲ့ ၂ လ ၃ လ နေတော့ ရောက်လာကြပြန်ရော ဒီတခါလည်း ဦးဇီးကွက်ဆီ ဘဲ ထပ်ပြန်သွားကြတယ် ထုံးစံအတိုင်း မကျေနပ်ကြပြန်ဘူး အိုင်ဆေး ကျုပ်က မေးကြည့်တာပေါ့ မကြိုက်ဘူး အဆင်မပြေဘူး ဆိုရင် ဦးဇီးကွက်ဆီကို မှ ဘာလို့ ပြန်သွားပြရ သလဲ ဆို တော့ …… ကြီးတော် ပြန်ဖြေတာက ဟုတ်တော့လည်း ဟုတ်ပါတယ၊် ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ ..တဲ့။ ကြီးတော်ရေ ဘာရောဂါ လည်းဆိုတော့ အဆုတ်ကင်ဆာတဲ့။( အင်း အဆုတ်ကင်ဆာ ကို ငယ်ငယ်ကတည်းက ကဒီးကဒီး ဖြစ်နေကျပါ ဆိုတဲ့ လူနာတော့ သိပ် မရှိဘူးပေါ့ဗျာ… ဒါပေမယ့်) ရိုးသားတဲ့ တောသူတောင်သား လူနာလေ၊ ဘယ်သိနိုင် ပါ့မလဲ။ ဒါနဲ့ ကြီးတော်ရေ … စစ်ဆေးထားတဲ့ ရီဇတ်တွေ ကို ဦးဇီးကွက်ရှင်းမပြတော့ တခြားဆရာဝန် တယောက်ကို ပြကြည့် တိုင်ပင်သေးလားဆိုတော့ …… “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့” …… အင်း ဟုတ်ပြီ …… ဒီရောဂါက ဦးဇီးကွက်နဲ့ပြမှလား တခြားအဆင်ပြေမယ့် ကိုယ့်ရွာနဲ့ ပိုနီးမယ့် သွားရလာရ တာအကုန်အကျ ပိုသက်သာမယ့် တခြား အော်တာနေ့တစ်… တစ် … တစ် …… ဒီမှာ ကြီးတော် တင်းလာပြီ …… မောင် ဝီလျှံ ကြီးတော်ပြောမယ် …… “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့” …… ဒါပဲ ဘာမှလာပြီး အော်တာနေ့တစ် မနေနဲ့ မှန်တယ်လေ Patient is customer and customer is always right ဆိုမဟုတ်လား။ ဒါပေမယ့် ကျုပ်ကလည်း ရှည် ကို ရှည် တယ် (ကျုပ် ဇနီး အသိဆုံး) တမျိုးမထင်ပါနဲ့ စကားကြောရှည် တာကို ပြောတာ။ ဇနီးနဲ့က စကား အပြောဖြစ်ဆုံးမို့လား။ ကြီးတော် အဲဒီ ဒေါက်တာဇီးကွက်ဆိုတာက လူနာများလို့ ပေးရှင့် တဦးချင်းကို အချိန် မပေးနိုင်ဘူးဆိုရင် လမ်းထိပ်ကဆေးခန်းကလေး မှာ ညနေ ည နေ ဆို ရောက်လာ လက်ဖက်ရည်အချိုတခွက်သောက် ဂျာနယ်ကို ဖင်ပြန်ခေါင်းပြန် ၃ ခေါက်ဖတ် ၃ ခေါက်ပြည့် ရင်ပြန်တဲ့ ဒေါက်တာမောင်နှင်း ဆိုတာ သဘောကောင်းမယ့် ဒီဇိုင်းလေးပါ အလကားနေ အလကား သွားပွားကြည့် ပါလားဆိုတော့ ကြီးတော်က … … “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ … … … တော့ တော့”
“ကြီးတော် ကျုပ် ဘော်ဘော် ရဲ့ ဒက်ဒက် ဆို ၁ ပတ်တခါ သွေးချိန်ရင်း အဲဒီ ဒေါက်ဒေါက် လေး နဲ့ သွားပွား နေကျ သိချင်တာလေးတွေ ရှိရင်လည်းမေးလို့ရတာပေါ့ ဒေါက်ဒေါက် လေးက သူမသိတာဆိုရင်တောင် သူ့ ဆရာသမားတွေမေးလာပြီး ပြန်ဖြေနေကြ၊ ဆွေးနွေးမေးမြန်းခ လည်း တပြားမှမယူ အလကား (အခမဲ့) သူ့မှာလည်း ဂျာနယ်ကို ဖင်ပြန်ခေါင်းပြန်ဖတ်နေရတာ ပျင်းနေတာဆိုတော့ ကြီးတော် ဆရာဝန် တယောက်နဲ့တိုင်ပင်ချင်တာဆိုရင် သင်းနဲ့ တမုန်းပွားပြီးမှ ပြန်လာ ရတယ် ဆိုတော့ ကြီးတော်က … … “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ … တော့ တော့”… မှန်ပါတယ် မမှန်လို့ မရဘူးလေ Patient is customer and customer is always right ဆိုမဟုတ်လား။ ဒါပေမယ့် ကျုပ်ကလည်း အလိုက်ကမ်းဆိုးမသိတတ် တော့ “ကြီးတော် အဲဒီ ဒေါက်တာဇီးကွက် ဦးငွေမက် နဲ့ မှပြချင်တယ် ကြီးတော် မှာလည်း ငွေကြေးကအချောင်လည်ကြီး မဟုတ်ဘူးဆိုရင် ဒေါက်တာဇီးကွက် တာဝန်ကျတဲ့ (…) ဆေးရုံကြီးဆိုတာ အခု ကြီးတော် ရဲ့တည်း အိမ်ကဆိုရင် ကြီးတော် သွားသွားပြနေတဲ့ မြို့ထဲ က ဆေးခန်းထက် အပုံကြီး တောင်နီးသေးတယ်၊ အဲဒီ အစိုးရဆေးရုံကြီးမှာ သွားပြရင် ကြီးတော်ရဲ့ ဒေါက်တာဇီးကွက် ကို ဘဲ စမ်းသပ်ခ အလကား (အခမဲ့) နဲ့ပြလို့ရတယ် ကျုပ်တူမကလေး အဲဒီလိုဘဲ သွား ပြတာ လူများတော့ စောင့်တော့ စောင့်ရတာပေါ့။ အပေါက်စောင့် အလုပ်သမား နပ်စ်မ ဟောက်တာတော့ ခံရတာပေါ့ ဆရာကြီးကတော့ အပြင်မှာလို မဟုတ်ဘူး သူ့တပည့်တွေ စာသင်ရင်း စာမေးရင်း ဆိုတော့ လူနာ ၁ ယောက်ကို ၅ မိနစ် လောက်ကနေ ၁၀ မိနစ် လောက်အထိ အချိန်ပေးတတ် တယ် တင်းလာပြီ ကြီးတော်က။ “ဟဲ့ ငတို့က ခံစားနေရတာ ရင်ဘတ်ကြီးနဲ့ ဟဲ့ ဒီဆရာဝန်တွေဟာငွေ စကား သိပ်ပြောတယ်” … “ကြီးတော်ရယ် အခုဟာက စမ်းသပ်ခ အလကား (အခမဲ့) လေ … … …”
“ဟဲ့ ဝီလျှံ၊ နင်ဘာသိလို့လဲ စမ်းခ မပေးရလည်း နင်တို့ (…) ရုံမှာ ဆေးကအလကားရလို့လား ဟိုစစ် ဒီစစ် ဟိုရိုက် ဒီရိုက် လုပ်ရဦးမယ်လေ အဲဒါတွေက အလကား ရလို့လား ပြီးတော့ (…) ဆေးရုံက ညစ်ပတ်က ပတ် နဲ့”
“ကြီးတော်ရယ် အဲဒါတွေကို ဆရာဝန်ကြီးက ဘယ်လိုလုပ်ပေး နိုင်ပါ့မလဲ”
“ဝီလျှံ ဘယ်လိုလုပ်တာတွေ ညာလိုလုပ်တာတွေ ငါမသိဘူး ပေါက်ပေါက် ရှာရှာတွေမမေးနဲ့ ဆေးဝါး အတု အစစ်၊ ဆေးဖိုး၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန် ဟိုဘိုး ဒီဘိုး ငါဘာမှ မသိဘူး သိလဲ မသိ ချင်ဘူး ဆေးရုံ ဆေးခန်း မှာ တခုခု အဆင် မပြေဖြစ် ရင် ဆရာဝန့် ခေါင်းဘဲ တခြားဝန်ထမ်းတွေ ကို ငါလည်း မသိဘူး ခေါ်လည်း မခေါ်တတ်ဘူး တခုခု အဆင် မပြေဖြစ် ရင် ဆရာဝန့် ခေါင်းဘဲ”
“နင်ကကော ဘာသိလို့လဲ ငတို့ တူကလေး သွားနေတဲ့ ဇီဇီ မှာဆိုရင် …. …. ငတို့ တူမကလေး ရောက်နေတဲ့ ကေကေ မှာ ဆိုရင် … အက်စ်အက်စ် မှာ ဆို ရင် …… စလုံးမှာ ဆိုရင် …. ဆိုရင် … ဆိုရင်”
“အခု ငတို့ ဆီမှာ ကျန်မာရေးစောင့်ရှောက်မှုစနစ်ကြီး တခုလုံး ချွတ်ခြုံကျ နေတာဟာ ဆရာဝန်ကြောင့် ဘဲ ဒါဘဲ တခြား ဘယ်သူ့ကြောင့် မှမဟုတ်ဘူး။ ဝီလျှံရေ ဒါဘဲ ဟိုဟာကြက်။”
အင်းကြီးတော် ပြောတာ မှန်တော့မှန်တာပါဘဲ Customer is always right လို့ဆိုထားတယ် မဟုတ်လား။
“ဒီမှာ ငသာဂိ ကြီးတော့် သဘောထားကို အပြတ်ပြောလိုက်မယ်”
“ ဆရာဝန် ဆရာဝန်မ အပေါင်းကို ဘုံရန်သူ အဖြစ် သတ်မှတ် ချေမှုန်းကြ”
“ အမုန်းတရားကို အခြေခံ၍ ဣသာမစ္ဆရိယ စိတ်ကို ဘက်စုံ ဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေး”
“ … … … … …”
“ … … … … …”
“ … … … … …”
ရေး … ရေး ဟေးဟေး ဟေး
အပ္ပမာဒေန
ဝီလျှံသာဂိ
Wednesday, December 16, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment