I have created this to have my say.
Some posts and comments from certain Internet sites provoked me to share my views. Hopefully I'd be able to launch more posts on my blog.
As a starter the following is the comment I have posted on the Public Health blog.
အိုင်ဆေး ဒီကကွန်မင့်တွေ ဖတ်တော့မှ ဆရာဝန်တွေ ရဲ့ဆိုးချက်ကို ကောင်းကောင်းသိရတော့တယ်။ ဖြစ်သွားတဲ့ ကိစ္စကလည်း တကယ့် စိတ်ထိခိုက် စရာ၊ လိမ္မာယဉ်ကျေးတဲ့ ချောမောလှပတဲ့ မိန်းမငယ်လေး ဆိုတော့ လူထုကြီးက အီမိုးရှင်းနယ် ဖြစ် တာတော့ မဟုတ်ဘူးပေါ့ နော် ရင်ဘတ်ကြီးနဲ့ ခံစားမိကြတာပေါ့။ ခံစားလာ ကြရ တာ လည်းများပြီကိုး။ ခံစားလာကြရတာ များတော့ ပေါက်ကွဲမှာဘဲလေ။
ကျုပ်လည်း တခါကကြုံဘူးတာလေး တခုပြောပြချင် တယ် အဲဒါလည်း သွေးလွန်တုပ်ကွေးပါဘဲ၊ ထုံးစံအတိုင်း (ထုံးစံအတိုင်း ဆိုတာ မြန်မာ ပြည် လူဦးရေရဲ့ ၈၀-၉၀ % သောဆင်းရဲသား ပြည်သူတွေ မှာ တွေ့ရတတ်တဲ့ အတိုင်း) အချိန် နှောင်းပြီး ဖုတ်လှိုက် ဖုတ်လှိုက် အချိန်ကျ မှဆေးရုံ ရောက် လာ ပါ လေ ရောဗျာ။ သူတို့ နေတာ ဆေးရုံနဲ့ဝေးလို့တော့ မဟုတ်ဘူးဗျ အိမ်က လမ်းလျှောက် သွားရင် တောင် ဆေးရုံနဲ့ဆို ၅ မိနစ်မကြာပါဘူး။ ဒါပေမယ့် ဗျာ သိတဲ့အတိုင်း ဘယ်သူမှ ဒီဆေးရုံတွေ ကိုသွားချင်တာမဟုတ်ဘူးလေ သဟောက် သဟမ်း ကလည်းနိုင်ပါ့၊ ပြီးတော့ ဟိုစစ်ဒီစစ်နဲ့ ပိုက်ဆံကုန်တာကတော့ သောက်သောက်လဲဘဲလေ ဘယ်သူအား ကိုးမလဲ ဒီဆေးရုံတွေကို။ ကလေးက ၉ နှစ် ၁၀ နှစ်ပေါ့ နှပ်ချေးတွဲလောင်း ဆံပင်နီကြောင် ချေးလက်လေးသစ် နဲ့ပါ … ဆေးရုံလဲရောက်ရော (ငွေမက် တဲ့ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ အင်းပြောရရင် ခေတ်သစ်ဓါးပြတွေ ပေါ့) … … “အဲဒီလူတွေဗျာ ဝိုင်းပြီး အပ်တွေနဲ့ထိုးကြ သွေးတွေဖေါက်ကြ မညှာမတာဗျာ ကလေးကို လုပ်ကြတာ ဒီကြား ထဲ မဆီမဆိုင်ဗျာ ကလေးဗိုက်ကို ပေကြိုးနဲ့ ကဒီးကဒီး လာလာပြီး တိုင်း သေးတယ် ကျုပ်တို့က အထပ် လိုက်၊ အထပ်လိုက် ဒင်းတို့ကိုမပေးနိုင်ဘူးမို့လား ဆေးကြတော့ ဘာမှမယ်မယ်ရရ မပေးဘူး ” ကျုပ်ကို ကို(…) ဆိုတာ ကလေးရဲ့အဖေပေါ့လာရင်ဖွင့်လို့သိရတာ။ အင်း အဲဒီကလေးမလေး ရောက်လာတာကလည်း ထမင်းစားချိန်ကြီး၊ အဲဒီမှာ ကျုပ်နဲ့လည်း မျက်မှန်းတန်းမိနေတဲ့ အလုပ်သင် ဆရာဝန်မလေး ဂျူတီကုတ်အဖြူရောင်လေးနဲ့ ဆိုတော့ နာမည်ကိုတော့ ဖြူဖြူ ဘဲထားလိုက်ပါတော့။ အဲဒီဆရာဝန်မလေးက ကလေးဆောင်က သူ့သူငယ်ချင်း ဟောက်စ်လေးဆီကို ထမင်းစားဖို့လာရင်း ခုနင်ကလူနာနဲ့တွေပါလေရော ဆရာဝန်တွေမို့လား ထမင်းစားချိန်ဆိုတာ မရှိဘူး အိပ်ချိန်လည်းရှိကြတာမဟုတ်ပါဘူး၊ လူနာရှိရင်ကြည့်ကြတာဘဲလေ၊ လူမဆန် ကြဘူး ခေါ်ရမှာပေါ့။ ပြောရရင် ဒီဟောက်စ် ဆိုတာတွေက ဘွဲ့တော့ရပြီးသားဗျ။ ဘွဲ့မှ M.B.,B.S ဆိုတာလေ မြန်မာဘရမ်းဘတာ ဘာညာဆိုတဲ့ ဟာပေါ့ ဘရမ်းဘတာ ပဲပဲဖြစ်ဖြစ် ဘာပဲပဲဖြစ်ဖြစ် ၇ နှစ်နှစ်သင်ရတဲ့ ဘက်ချလာ နှစ်လုံးပြူးလေးလေ၊ ဒင်းတို့ နေ့နေ့ညည အစားပျက် အသောက်ပျက် ချီးသေး အပေခံ ပြီး အေအိုင်ဒီအစ်တော တီဘီတော မှာ လုပ်တဲ့ အတွက် နိုင်ငံတော်က တလကို ၁၂၅၀ ကျပ် ထောက်ပံ့ရှာပါတယ်။ ဟုတ်ကဲ့ စာလုံးပေါင်းမှား တာ အဖတ်မှားတာ မဟုတ်ပါဘူး ဘက်ချလာ နှစ်လုံးပြူးလေးတွေ ကို နေ့နေ့ညည ခိုင်းမှ တ လမှ ၁၂၅၀ ထည်းနော် အရမ်းတန်တယ်၊၊ ပြောလက်စနဲ့ လက်ထောက်ဆရာဝန် ဆိုတာတွေ ကိုလည်း ဟဲဟဲ ဟဲဟဲ တလလုံးလုံး နေ့နေ့ညည အခါကြီးရက်ကြီး မကျန် အေအိုင်ဒီအစ်တော တီဘီတောမှာ အပီခိုင်း မှ နိုင်ငံတော်က ၇၅၀၀၀၊ ၈၀ ၀၀၀ ကျပ် ပေးရတာပါ၊ ငွေမျက်နှာပဲကြည့်ကြတဲ့ ဆရာဝန်တွေလေ ဟဲဟဲ ဟဲဟဲ ဒီအရုတ်တမာ ဆရာဝန်တွေ အကြောင်းပြော ရတာ အကု သိုလ်များပါတယ် စောစောကပြောနေတာပြန်ဆက်ရရင် အဲဒီဖြူဖြူလေး ပေါ့ အားလုံးရှုပ် နေ တော့ သွေးကူဖေါက် အကြောကူရှာ ပလာစတာကူကပ် လုပ်ရော၊ ဒါပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ ထမင်းစားဖို့ရတဲ့ အချိန်ကျော်လာတော့ သူ့ဝဒ်သူ ပြန်တာပေါ့။ ဒီအချိန်မှာ ကျုပ်တို့ရဲ့ ကလေးအဖေ ကို(…) က ဖြူဖြူ့ကိုမျက်စိကျနေပြီ၊ တမျိုးမထင်ပါ နဲ့ ကဒီးကဒီးလာစမ်း ဝိုင်းကုနေကြတဲ့ ဆရာဝန် ကြီးလတ်သေး တွေကို မျက်လုံးထဲ မထားတော့ ဘဲ စောစောက ဆရာဝန်မ ကဘာလို့ ဆက်မ ကုပေးတော့တာလဲ ဘယ်ရောက် သွားလည်း ဒီအတိုင်းထားခဲ့ပြီ ဘာညာပေါ့ ပြောရရင် ကို(…) တင်းပြီ၊ သူ့ဂျူတီမဟုတ်တာ သူ့ဝဒ် မဟုတ်တာ လာမပြောနဲ့ ကို(…) ဘိုလို မတတ်ဘူး။ Patient is customer and customer is always right! I repeat righttttt.
ဒါဘဲ ကို(..) သိတယ်။ ငွေမက် တဲ့ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ ခေတ် သစ် ဓါးပြပဲ သိတ်ရွံစရာကောင်းတဲ့ ဆရာဝန်တွေဘဲ ဘာမှလာရှင်းပြမနေနဲ့။ ရင်ဘတ်ကြီး နဲ့ ရင်ဘတ်ကြီးနဲ့ ခင်ဗျားတို့ သားသမီး ဆိုဘယ်လို နေမလဲပေါ့။ ဘလာဘလာ ပေါ့။ ကို(..) ခံစားနေရပြီ။ ဖြစ်ချင်တော့ အဲဒီ ညနေမှာပဲ ကလေးကဆုံးသွားပါလေရော ကလေးအဖေ ကို(…) ပေါက်ကွဲပြီပေါ့။ အချိန်နှောင်းမှရောက် တာတွေ ဘာတွေ ကို(…) မသိဘူး ကျွန်တော့ကလေးက ခေါ်လာတုန်းကအကောင်း ဒီက ဆရာဝန်တွေ အပ်တွေနဲ့ ဝိုင်းလဲဆွပြီးရော ကျွန်တော့ကလေးတော့ သေရှာပါလေ ရော ယုတ် မာလိုက်ကြ လူစိတ် မရှိလိုက်ကြတဲ့ ဆရာဝန်တွေ။ ကို(…) အတင်းဆုံးကတော့ ဖြူဖြူကိုဘဲ၊ သူ ကပြစ်ထားခဲ့တာ မဟုတ်လား။ ကို(..) ကစနေသား ကျေက်ဆည်ဇာတိ နေတက်ရေတက်မှာမွေးတာ မြန်မာပြီပြီ သတ္တိပြတော့တာပေါ့ တရားစွဲတာ တိုင်တာ တောတာတွေ ကို ကို(…) မသိဘူး ညနေဖြူဖြူ ဆေးရုံကပြန်ချိန်မှာ ယောင်္ကျားကွပေါ့၊ နောက်ကနေ ချောင်းပြီး တုတ်နဲ့ ပြေးကျွေးတာ ကျုပ်တို့တွေကလည်း အဲဒီအချိန်တုန်းကတော့ ဒေါက်ဒေါက်တွေ ဒီလောက်ဆိုးမှန်းမသိတော့ ဝိုင်းဆွဲရတာပေါ့။ ဘာပဲဖြစ်ဖြစ် မိန်းကလေး တယောက် ကို နောက်ကနေ ချောင်းပြီး တုတ်နဲ့ ရိုက်ဖို့ကြိုးစား ဝံ့တဲ့ ကို(…) ရဲ့သတ္တိကိုတော့ ကျုပ်ကကြိုက်တယ်။ အဖေလေ ခံစားရမှာပေါ့ ဟုတ်ဘူးလား လူ့အသက်တစ်ချောင်းလေ။
ကွန်မင့်တွေထဲမှာ ပြောထားတာတခုကို ကျုပ်တော့ ထောက်ခံတယ် ဘာကေ့စ်လာလာ ဇီဇီတို့ ကေကေတို့ အက်စ်အက်စ် တို့မှာ လို ABC စစ်ပါလား def စစ်ပါလား GH စစ်ပါလား IJ စစ်ပါလား KLM စစ်ပါလား OPQ စစ်ပါလား rst ရိုက်ပါလား xyz ရိုက်ပါလား !@#$ ရိုက်ပါလား ……… သူ့ဟာသူ လူနာ ပိုက်ဆံတတ်နိုင်တာ မတတ်နိုင်တာ တွေဘာတွေ လာရှင်းပြမနေ ပါနဲ့ ဘလော့ကနေ အားအားယားယား ပွားတာပွားချင်တာပွားမှာ ပေါ့ ငွေဆိုတာ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ အင်းပြောရရင် ခေတ်သစ်ဓါးပြတွေ ဖြစ်တဲ့ ဒေါက်ဒေါက် တွေ ပူရမယ့်ဟာ။ လူနာမတတ်နိုင်ရင် စိုက်ပေးလိုက်ပေါ့။
အဲဒီလိုပါဘဲ ကွန်မင့်တွေထဲက နောက်တနေရာမှာ ပြောထားတာကို ကျုပ်တော့ တကယ်ဟတ်ထိတယ်၊ လေဖြစ် တာကို လေဆေးမပေးဘဲ မှန်ပြောင်းနဲ့ ကြည့်တယ်ဆိုတဲ့ ဆရာဝန်လေ သိတယ်မဟုတ်လား ငွေမက်ကြတာလေ ဆေးကုမယ့်ဟာကိုမကုနိုင်ဘူး ဟိုစစ်ဒီစစ်နဲ့ ဖောက်လိုက်ရတဲ့ သွေး၊ ရိုက် လိုက်ရတဲ့ ဓါတ်မှန် ပြီးကိုမပြီးနိုင်ဘူး။ ကွမ်းယာဆိုင်လောက်တောင် မမိုက်ဘူး။ ကွမ်းယာဆိုင် ဆိုလို့ ပြောရဦးမယ် ကွမ်းယာဆိုင်တို့ ရမ်းကုတို့ သမ လိုက်လို့ သေသွားရင် ကျုပ်တို့ ကစိတ်မဆိုးဘူး အစကတည်းက ရမ်းကု ပါဆိုမှ။ ပြီးတော့ လူဆိုတာသေမျိုးလေ သတ္တဝါ တခု ကံတခု မဟုတ်လား။ ဒေါက်ဒေါက်တွေ လက်ထည်း ကနေ တိမ်းပါးသွား ရင်တော့ ဟင်းဟင်း ဟင်းဟင်း ဆရာဝန်တွေဝိုင်းသတ်လိုက်ကြတာ၊ ရက်စက်လိုက်ကြတာ အင်းဒီလိုဘဲပြောရမှာပေါ့။ ကွမ်းယာဆိုင်တို့ ရမ်းကုတို့ ဆီမှာအကြွေးတော့မရဘူး မှန်တယ်လေ သူတို့က စီးပွားရေးလုပ်ငန်းရှင် မဟုတ်လား အကြွေးပေးစရာလား။ ကြွေးဟောင်း မဆပ်နိုင်သေးလို့ကတော့ ကြွေးသစ်ထပ်ယူဖို့ဆိုတာ … အဓိပ္ပါယ် မရှိတာတွေ မပြောတာကောင်းပါတယ်။ (ရပ်ကွက်ထဲက)ဆေးခန်း ကအကြွေးမပေးလို့ကတော့ ဟင်း။ ကြွေးဟောင်း မပေးသေးလဲ ထပ်လာရင်ထပ်ကုပေး ရမှာဘဲလေ လူ့အသက်လေ လူ့အသက်ဗျ။ ဒီလိုနဲ့ ကြွေကျလို့ ပိတ်ပြေးရတဲ့ ဆေးခန်းလေးတွေ … အဲဒီဆေးခန်းလေးတွေ ဘယ်နှစ်ခန်းရှိရှိဗျာ ငွေမက်လှတဲ့ ဒေါက်ဒေါက်တွေခံရတာ၊ ကောင်းတယ်။ …. အင်းအဲ ဟဲဟဲ နောက်တနေရာကျတော့ ပါလိုက်သေးတယ် ‘အုပဓေ’ သဘောအရ ၁၈ နှစ်ကျော်မှ လူကြီးဖြစ်မှာမို့ ၁၅ နှစ်ကို ခလေးဝဒ်မှာ ထားရမယ် ‘လို့ဇ်’ ဟဲဟဲ အုပဓေ ကြောင်းအရ တချို့နိုင်ငံတွေမှာ ၂၁ မှ မဲပေးခွင့် ရှိလို့ တချို့နိုင်ငံတွေမှာ အသက် ၄၀ ကျော်မှ အရွေးချယ်ခံနိုင်လို့ အင်း… အသက် ၂၁ အောက်ကို ချိုင်းဝဒ် မှာထား ရမယ် အသက် ၄၀ အောက်ကို ချိုင်းဝဒ် မှာထား ရမယ် ဟဲဟဲ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ အသက် ၉၀ အောက်ကို ခလေးဝဒ် မှာ ထား ရမယ် ဒါဘဲ ဟိုဟာကြက်။
ကျုပ်တို့အမြင်ပြောရရင် ဆရာဝန်တွေဟာ လခ မယူသင့်ဘူး အခုလည်း ၇၅၀၀၀၊ ၈၀၀၀၀ ရနေတာ ကိုနည်းတယ်ထင်နေကြတာ မဟုတ်လား နည်းရင် မယူကြနဲ့ပေါ့။ လူနာကပိုက်ဆံ မရှိရင် စိုက်ပေးရမယ် မဟုတ်လို့ကတော့ သိပ်ရွံစရာကောင်းတဲ့ လူယုတ်မာတွေဘဲ။ တခြား ပညာရှင်တွေနဲ့ မယှဉ်နဲ့လေ ဘယ်ပညာရှင်ကိုမှ အလကားခိုင်းလို့ မရတာ ကျုပ်သိတယ်၊ ဒါပေမယ့် အခုပြောနေတာ ဆရာဝန်တွေအကြောင်း၊ လူ့အသက်ကိုရင်းနေရတာ။ လူ့အသက်လေ လူ့အသက်။ လူ့အသက် ဆိုလို့ ပြောရ ဦးမယ် ကျုပ်သိပါတယ် ကျုပ်အပါအဝင် အခု ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား လု့အသက် လု့ အသက် (ဝါ့အသက်မဟုတ်ဘူး) လို့ ကျင်ကြီးထွက်အောင်အော် နေကြတဲ့လူတွေထဲမှာ အမေအရင်း အဖေအရင်း နေမကောင်းတာတောင် ညဘက်ထပြီးပြုစုဘူးတဲ့ သူဘယ်နှယောက်မှမရှိဘူးဆိုတာ ကျုပ် သိပါတယ် လူ့အသက်ပဲဖြစ် မဖြစ်ဖြစ် တစိမ်းတယောက် အတွက် ညစ်ပတ် နံစော် တာတွေ ကို နေ့နေ့ ညည အချိန်မရှိ အချိန်ရှိ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံပြီး လုပ်ကိုင်ပေးဘို့ ဟဲဟဲ ရူးနေလား ဒါတွေက ကျုပ်တို့နဲ့ မဆိုင်ဘူးလေ ဟို လူစိတ်မရှိတဲ့ အကြင်နာတရား မရှိတဲ့ ဖိုးငွေမက် ဒေါက်ဒေါက် တွေ လုပ်ရမှာလေ။ ကျုပ်တို့အလုပ် က ပါးစပ်ဖျားလေး နဲ့ အဲအဲ ရင်ဘတ်ကြီး နဲ့ အင်တာနက်စာမျက်နှာပေါ် ကနေဖောဘို့ ပဲလေ၊ လေလေ၊ လေ ဝေလေလေ။
ဆေးရုံကို အရေးပေါ်လူနာတစ်ယောက် ရောက်လာပြီဆိုပါတော့ အရင်ဆုံး စကြစ်တာက အပေါက်စောင့်။ ပိုက်ပိုက် မကမ်းလို့ကတော့ ရစ်ပြီ။ ဟုတ်တယ်လေ ဆေးရုံဗျဆေးရုံ၊ ဇရပ်မဟုတ်ဘူး၊ ကဒီးကဒီး ဝင်ချင် တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရမလား။ ရေကမ်းထားရင်တော့ တမျိုးလုံးတဆွေလုံး တရပ်ကွက်လုံး လိုက်လာလဲ အင်းအဲ လူမှုရေးကရှိသေးတယ်လေ၊ လူ့အသက် မဟုတ်လား၊ ပေးဝင်ရမှာပေါ့။ လှည်းတွန်း တဲ့ လှည်းဆရာကလည်း အင်းအဲ နည်းနည်းပါးပါးတော့ သိတတ်ရမယ်လေ။ ရော်ရကေ မပါရင်တော့ နဲနဲ ပါးပါးဆောင့် ချရင်လည်းချမှာပေါ့ဗျာ။ လှည်းကို တစ်ယောက်တည်း တွန်းလို့နိုင်မလား လူနာပိန်ပိန်လေးပါတို့ဘာတို့ လာမပြောနဲ့။ နှစ်ယောက်တော့တွန်းမှာပေါ့ သိတတ်ရမယ်လေ နှစ်ယောက်စာတော့ပေးရမှာဘဲ။ ဒါတွေက နားလည်ပေးလို့ ရပါတယ်။ ကျုပ်တို့တင်းတာက ဒေါက် ဒေါက်တွေဘဲ။ သူတို့ အလုပ်သမားတွေကို ကျုပ်တို့ စိတ်မဆိုးရေးချ မဆိုး၊ ကျုပ်တို့ မြန်မာလူမျိုးဆိုတာ ကျေးဇူးကို ရှာကြံတင်တတ် တဲ့လူမျိုးဗျ။ ဆရာဝန်တွေ ပေါ်မှာ သာဘာကျေးဇူး မှမတင်တာ။
အင်း အခုမှ စပါပြီ ဂျုတီကုတ်ကောင်တွေ၊ လူနာမှာ ပိုက်ဆံရှိတာမရှိတာ နားမလည်ဘူး ဟိုဆေးလိုရတာနဲ့ ဒီဆေးလိုရတာနဲ့ ဟိုဟာစစ်ရမှာနဲ့ ဒီဟာရိုက်ရမှာနဲ့။ ကြိုက်ကိုမကြိုက်ဘူးဗျာ။ တချို့ ရှိပါတယ် ဆရာဝန်တွေ စုပြီး ဆေးဝယ်ပေးတာတို့၊ အိပ်စိုက်ပြီး CT MRI ရိုက်ပေးတာတို့ ဆိုတာ။ ဒါပေမယ့် အဲဒါတွေက အမြဲမဟုတ်ပါဘူး တခါတလေမှပါ။ ဆရာဝန်တွေဟာငွေကိုမက်ပါတယ်။ ကဲပါဗျာ ဝဒ်ထဲ ရောက်ပြီဆိုပါတော့ နပ်စ်မကတော့ နည်းနည်းတော့ ဆူတတ်ပူတတ်တယ်၊ ဟောက်တတ်ဟမ်းတတ် တယ်။ ဟဲဟဲ လူဘဲဗျာ ပင်ပန်းတော့လည်း နည်းနည်းတော့ စိတ်တိုတာ စိတ်ဆိုးတာရှိမှာပေါ့၊ အများနဲ့ ဆက်ဆံနေရတာ မဟုတ်လား။ ကျုပ်တို့က ဒေါက်ဒေါက်တွေသာတင်းတာ ပါ။ နပ်စ်မက စိတ်ဆိုးတတ်ပေမယ့် နည်းနည်းပါးပါး ပေးထားရင်တော့ ခုတင်နေရာက အစ စီစဉ်ပေးရှာပါတယ်။ ပက်လက်ကုလားထိုင်တို့ မဂ္ဂဇင်းစာအုပ်တို့ တောင်ငှါးလို့ ရသေး ဟေးဟေးဟေး။ ဆေးရုံမှာ ဆရာဝန်ကဟောက်တယ် ဆူတယ်ဆိုတာ အင်မတန်ရှားမှန်း ကျုပ်တို့သိပါတယ်။ သေချာတာ က ဟောက်စ်တွေ၊ အေအက်စ် တွေက ဟောက်တယ် ဆူတယ် မရှိသလောက်ပါ။ သူတို့က သူများ သွားဟောက်ဖို့ နေနေသာသာ သူများကဟောက်တာခံနေကြရတာ မဟုတ်လား။ လူနာလာမေးလို့ စိတ်တိုတယ် ဆိုတာ ဒီလူတွေကြားထည်းမှာ မရှိပါဘူး စိတ်တိုဖို့ နေနေသာသာဗျာ ကဒီးကဒီး ဟိုဟာ လာရှင်းပြ ဒီဟာလာရှင်းပြကလုပ်တတ်သေးတယ်။ အဲဒါကိုကျုပ်တို့က စိတ်တိုတာ။ ရှင်းရှင်းပြောမယ်ဗျာ လာရှင်းပြတဲ့ ဆရာဝန်ကိုလည်း လျှာရှည်လို့ မကြိုက်ဘူး စကားနည်းတဲ့ ဆရာဝန်ကိုလည်း မတူသလို မတန်သလို ဆက်ဆံလို့ မကြိုက်ဘူး၊ ဆရာဝန်တွေကို ကြိုက်ကို မကြိုက်ဘူး။ ကျုပ်တို့ ကတော့ပြတ် ပြတ်ပဲ။ ဆရာဝန်တွေကိုတင်းတယ် ဒါပဲ။ တခါတလေ ရှိပါသေးတယ် သူနာပြုက ကြားကနေ ဆရာဝန် ဖို့ ဘာပေးရမယ်၊ ညာကျွေးရမယ် ဆိုပြီးကွမ်းတာတွေ။ ကျုပ်သိပါတယ် ဆေးရုံမှာ ဆရာဝန်က ငွေမရလို့ ဘာမလုပ်ပေးဘူး ညာမလုပ်ပေးဘူး ဆိုတာ တော်တော်ကြီးကို ရှားတဲ့ အဖြစ်ပါ။ ဒါပေမယ့် ဗျာလူနာက ဒါတွေဘယ် သိနိုင်ပါ့မလဲ။ ဆရာဝန်ကတောင်းလို့ ဆိုပြီး သူနာပြုကကြားကဝိုက်သွား လည်း ဒါ ဆရာဝန် မှာတာဝန်ရှိတာဘဲ။ သူတို့ဟာသူတို့ အစကတည်းက အဲဒီလို မဖြစ်အောင် လုပ်ထားကြပေါ့။ ဆရာဝန်တွေ မတောင်း တချားဝန်ထမ်းတွေ တောင်းနေကြတယ်ဆိုလည်း ကျုပ်ကတော့ ဒီ ဂျူတီကုတ်ကောင်တွေ ကိုဘဲမုန်းတယ်။ အီမိုရှင်နယ်ဖြစ်တာတော့ မဟုတ်ဘူးပေါ့ဗျာ ခံစားရတာကိုပြောတာပါ။ တလ ၈၀၀၀၀ ထားပါတော့ ဒေါ်လာ ၈၀၊ အချိန်ပြည့် အချိန်ပို (ရူးနေလား မက်လှချေလား မြန်မာနိုင်ငံ မှာ အချိန်ပို ကြေး ရှိမလား) ဘာအပိုခံစားခွင့်မှ မပါဘဲ လုပ်နေကြတယ် ဆိုပေမည့် ကျုပ်ကတော့ ဆရာဝန်ဆို ဘယ်ဆရာ ဝန်မှမကြိုက်ဘူး။ ဟိုး ပရော်ဖက်ဆာကြီး ကနေ ကျောင်းပြီးစ ဒေါက်ဒေါက် အပေါက်ကလေးတွေ အထိပေါ့
အမှန်တော့ ဆေးကျောင်းသားတွေ ကိုလည်းကျုပ် ကတော့ တင်းတာဘဲ။ သင်းတို့လည်း ဒမြလောင်းလေး တွေဘဲ။ အမှန်တော့ ၉ တန်း ၁၀ တန်း စာတော်တဲ့ ကောင်တွေလည်း ကျုပ်ကတော့ မြင်ပြင်းကိုကပ်တယ်။ သင်းတို့လည်း ဒမြလောင်းလေး တွေဘဲ။ ကျုပ်တို့ တဖုံးဖုံးကျ တဲ့စာမေးပွဲကို သင်းတို့ကဖြေလိုက်ကြတာ နည်းတဲ့အမှတ်တွေလား သင်းတို့ရကြတာ မကြိုက်ပါဘူးကျုပ်က။ ဒေါက်ဒေါက်တွေပြီးရင် အင်အင်တွေ အိုဗျာ ကျုပ်ထက်သာတဲ့ လူဖြစ်လို့ကတော့ အပြစ်ကိုမရ မက ရှာပြီးကို တင်မှာပဲ။
အပ္ပမာဒေန
ဝီလျှံသာဂိ
Saturday, December 12, 2009
Subscribe to:
Post Comments (Atom)

ဟိုင်းကိုသာဂိ
ReplyDeleteှဆီပုံးမတွေ့လို့ရေပုံးထဲပဲထည့်ခဲ့တယ်။
ပြောချင်တာက ဘလောက်ကစာတွေဖတ်မရပါ။(အများစုကတော့တခြားနေရာ မှာဖတ်ပြီးသားပါ)။ကျွန်တော့်မှာမြန်မာစာလုံးတော်တော်များများရှိပါတယ်။ဒါလဲဖတ်မရပါဘူး။ဘာလို့လဲ?။ဒီမှတ်ချက်ရေးနေတော့ဇော်ဂျီနဲ့ကောင်းကောင်းဖတ်လို့ ရတယ်။
အိုင်ဆေးကိုသာဂိ
ReplyDeleteပျောက်ချက်ကောင်းလှချီလား။
ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာခင်ဗျားရဲ့ဟာသမြောက်တဲ့မှတ်ချက်တွေလိုနေတယ်။သွားလည်လိုက်ပါဗျာ။